Posted by: hninnphyu | February 2, 2010

If u wanna know how much I miss u

If you wanna know how much I miss you,
try to catch rain drops,
the ones you catch is how much you miss me,
and the ones you miss is how much I miss.

Posted by: hninnphyu | September 25, 2009

အမေ၏ဆုံးဖြတ်ချက်

ဒေါ်သိန်းတင်၏ပျော်ရွှင်မှုသည် ယနေ့ အထွတ်အထိတ်သို့ရောက်ခဲ့၏။ စာပို့လုလင်ကိုမြင်ကတည်းက သားသမီးတွေဆီက စာလာမှန်းသိ၏။ ဒီနေ့ဆို သားသမီးတွေနဲ့ ခွဲနေရတာ တစ်လ ကျော်ပြီ။
လူလတ်တန်းစား ရုံးစားရေးဦးသိန်းထွန်းနှင့် အိမ်ထောင်ကျခဲ့ပေမဲ့ ခင်ပွန်းသည်ရဲ့ လစာကို အကောင်းမကြည့်၊ တစ်လမ်းတည်းနေဒေါ်မြစိန်ကို အားကျခဲ့၏။ ရပ်ကွက်တွင်သာရေ:နာရေး ဒေါ်မြ စိန်ကို ရှေ့ ဆုံးမှမြင်ရမည်။ လူလတ်တန်းစားရပ်ကွက်ဖြစ်ပေမယ့် ဒေါ်မြစိန်အိမ်မှာတော့ ရေခဲ သေတ္တာ၊ ဆိုဖာထိုင်ခုံ၊ ကေဘဲလ်စလောင်း အို… နိုင်ငံခြားဖြစ်ပစ္စည်း အစုံအလင်။ သူ့သားသမီးတွေက နိုင်ငံခြားမှာ ရှိလို့ သူဒီရပ်ကွပ်မှာ မျက်နှာပန်းလှနေတာ၊ ငါလည်း ငါ့သားသမီးတွေကို နိုင်ငံခြား ရောက်အောင်ပို့မယ်။ ဒါမှရပ်ကွက်ကလူတွေက ငါ့ကိုလည်းဒေါ်မြစိန်နှင့် တန်းတူထားမှာ။

အသိမိတ်ဆွေတွေကိုမေးရင်းနဲ့ ဒေါ်သိန်းတင်ပွဲစားဆီရောက်ခဲ့ပြီ။ ရှိသမျှလတ်ဝတ်လတ်စား အားလုံးရောင်းလျှင်တောင် လေယာဉ်လက်မှတ်တစ်စောင် မဝယ်နိုင်။ စိတ်ဓါတ်အကျမခံ၊ အတိုးကြီး ကြီးဖြင့် ငွေချေးယူခဲ့၏။ ဒေါ်သိန်းတင်၏ကြိုစားအားထုတ်မှုသည် အချည်းအနှီးမဖြစ်ခဲ့။ ဒီနေ့ပွဲစားထံမှနိုင်ငံ ကူးလတ်မှတ်၊ VISA နှင့် လေယာဉ်လတ်မှတ်တွေရခဲ့၏။
သားကြီးသီဟ၊ အလတ်ဝဏ္ဏ၊ သမီးသီတာတို့က မိဘတွေကိုအလှည့်ကျကန်တော့၏။ သား သမီးတွေနှင့်ခွဲရမှာမို့ ဝမ်းနည်းတဲ့မျက်ရည်လား၊ ဒါမှမဟုတ် အနာဂတ်ကိုမှန်းပြီး အပျော်လွန်မျက်ရည်လား၊ သူကိုယ်တိုင်မခွဲခြားနိုင်တော့။

ဒီလိုနှင့် ထိုင်းအပြည်ပြည်ဆိုင်ရာလေယာဉ်ဖြင့် ရန်ကုန်လေဆိပ်မှတဆင့် အမေရိကသို့ ခရီး နှင်ခဲ့၏။
တိုးတက်ခေတ်မှီတဲ့ အမေရိကန်နိုင်ငံအကြောင်း မြန်မာပြည်နဲ့အမေကို အရမ်းသတိယတဲ့အကြောင်း၊ အမေရဲ့ကောင်းမှုကုသိုလ်ကြောင့် သားသမီးတွေအလုပ်ရသွားတဲ့အကြောင်း အမေနှင့်ဖုန်း မှာစကားပြော ဖြစ်၏။
ရက်လနှစ်တွေကူးလာတာ ၄နှစ်ကျော်ကြာခဲ့ပြီ၊ ဖုံးမှန်မှန်မဆက်ဖြစ်တော့၊ စာလည်းမှန်မှန်မရေးနိုင်။

တစ်ည ဒေါ်သိန်းတင်ဘုရားရှိခိုးပြီး အိပ်ရာဝင်စ ဖုန်းဘဲလ်မည်လာ၏။ ဝဏ္ဏဆီကဖုန်းဖြစ်၏။ အမေရဲ့ ကျန်းမာရေးအကြောင်း၊ သူတို့မောင်နှမတွေ ဒီမှာအလုပ်ပင်ပင်ပန်းပန်း လုပ်ရတဲ့အကြောင်း၊ စာရွတ်စာတမ်းအ ပြည့်အစုံမရှိတဲ့အတွက် ဒီမှာအတည်တကျနေထိုင်ဖို့ ဝဏ္ဏက Maria ဆိုတဲ့ Spanish စကားပြောမိန်းကလေး တစ်ဦးနှင့် လက်ထပ်လိုက်ကြောင်း၊ သီဟက သူ့ထက် ၁၅ နှစ်ကြီးတဲ့ မြန်မာအမျိုးသမီးနှင့် လက်ထပ်လိုက်ရတဲ့ အကြောင်း၊ သီတာက John ဆိုတဲ့ ဘိုတစ်ယောက်နှင့်အတူနေကြောင်း၊ ရှေ့ လ လက်ထပ်မဲ့ သီတာမှာ ယခု ကိုယ်ဝန် ရလ ရှိတဲ့အကြောင်း၊ အဲဒါတွေကြောင့် သူတို့မောင်နှမတွေ အရင်လိုငွေမှန်မှန်မပို့နိုင်ကြောင်း၊ လက်ရှိ အမေ့အိမ်မှာ လူငှါးတင်ပြီး အဲဒီ့ပိုက်ဆံနဲ့ ချွေချွေတာတာသုံးပါလို့ အကြံပေးလိုက်သေး၏။

အမေလက်တွေတုန်လာ၏။ ခေါင်းချာချာလည်လာ၏။ အမေမျှော်မှန်းခဲ့တဲ့ခရီး အမေ့အိမ်မက်တွေပျက် ပြားကုန်ပြီ၊ အမေမျက်ရည်ကျပြီ။ အမေ သားသမီးတွေကိုအမြဲ အကောင်းမြင်စေချင်၏။ သားသမီးတွေကို ကိုယ်ဝန်ဆောင်တဲ့ဒုက္ခ ဒီအရွယ်ထိကြီးပြင်းလာအောင် ဒုက္ခအမျိုးမျိုးခံခဲ့ရပေမဲ့ အမေမျက်နှာအပြုံးမပျက်ခဲ့။ ယခုတော့ အမေရင်နာပြီ။ ဘုရားရှိခိုးခန်းထဲသို့ဝင်ပြီး ဘုရားတပည့်မရဲ့ သားသမီးတွေ ဆူးမထိခလုပ်မညှိ လိုအင်ဆန္ဒပြည့်ဝပါစေ၊ ကြီးမားသောအမေ့စိတ်မဟုတ်လား။

တစ်နေ့မောင်နှမသုံးယောက်တိုင်ပင်၏၊ ဝဏ္ဏကဒို့အမေကိုခေါ်ရအောင်၊ သီဟကငါ့ထက် ၁၅ နှစ်ကြီးတဲ့ ချိုချိုကို ငါချစ်ကြိုက်လို့ယူထားတာမဟုတ်ဘူးဆိုတာ နင်တို့သိသားဘဲ၊ ချိုချို ငါ့ကိုဆူပူကြိမ်းမောင်းတာကို အမေမြင်ရင် ရင်ကျိုးမယ်၊ စာရွတ်စာတမ်းအတွက်သာ သူနှင့်လက်ထပ်ထားတာ နင်တို့အသိဘဲ။
သီတာက ဒီလောက်ခေတ်နောက်ကျတဲ့နိုင်ငံက လာမဲ့အမေနှင့် John နဲ့ ဘယ်လိုမှတည့်မှာမဟုတ်ဘူး။ ငါ့ကိုယ်လည်း စာရင်းထဲကဖျက်လိုက်။
ဝဏ္ဏအိမ်ရောက်တော့ Maria နှင့်တိုင်ပင်၏။ Maria မျက်နှာဆတ်ကနဲတင်းမာသွားသည်။ ဝဏ္ဏကရှင်း ပြ၏။ Honey နင့်မှာနေ့တိုင်း ကလေးတွေကို ကျောင်းပို့ကျောင်းကြို ကလေးထိန်းပို့ပေးရ၊ ထမင်းဟင်းချက်ရတဲ့ အပြင် အလုပ်လည်းသွားရသေးတယ်မဟုတ်လား။ ကလေးထိန်းအတွက်ဘဲ တစ်လ တို့တစ်ထောင်နီးပါးကုန်နေ တယ်။ အဲတော့ ဒီအလုပ်တွေအားလုံးအမေလုပ်မယ်။ နင်အေးအေးဆေးဆေးထပြီးအလုပ်သွား၊ ကျန်တဲ့အလုပ်တွေအားလုံးအမေလုပ်မယ်။ အဲဒီ့အတွက် Maria က စကားဖြတ်ပြီး Honey နားလည်ပြီ၊ အဲဒီ့အတွက်အဖွားကြီး ကို ထမင်း ၂ နှပ်ကျွေးရရုံပဲမဟုတ်လား။ တို့ပိုက်ဆံတွေလည်း အပိုအလျှံရှိလာမယ်။ Maria အတော်သဘောကျ သွား၏။

အမေသည်တစ်လမ်းဝင်တစ်လမ်းထွက် ရပ်ကွက်အိမ်တိုင်းလိုက်ပြော၏။ ငါ့သားသမီးတွေက ဒေါ်မြစိန် ကလေးတွေထက်တောင်ပိုလိမ္မာသေးတယ်။ ငါ့ကိုအမေရိကန်ခေါ်ဖို့ပြင်နေပြီး၊ ရပ်ကွက်ကလူတွေက ဒေါ်သိန်း တင်ကလေးတွေကိုချီးမွမ်းကျ၏။
ဒီလိုနဲ့အမေ အမေရိကန်နိုင်ငံသို့ရောက်ခဲ့ပြီ။ လေဆိပ်မှာ ဝဏ္ဏနှင့်သီဟကိုတွေ့ လိုက်၏။ ဝဏ္ဏက John နှင့်မိတ်ဆက်ပေး၏။ John က အမေကိုပါးမှာ မွှေးမွှေးပေးပြီးနုတ်ဆက်သည်။ အမေ့မှာရှက်လိုက်တာ။ သားမက်နှင့် ယောက္ခမကြား ဝဏ္ဏကစကားပြန်လုပ်၏။ သီတာကအလုပ်ပိုဆင်းနေရလို့ လေဆိပ်မလာနိုင်တာကို ခွင့်လွှတ်ဖို့ပြောခိုင်းလိုက်၏။ သြော်… သမီးမှာအမေအတွက်တောင် အချိန်မရှိတာကို အမေသိလိုက်ရ၏။

အိမ်ရောက်တော့ Maria နှင့် လက်ဆွဲနုတ်ဆက်ပြီး၊ ချိုချိုကလည်းလက်ဆွဲနုတ်ဆက်လိုက်၏။ ခဏအ ကြာ Hi ဆိုသောအသံနှင့်သီတာရောက်လာ၏။ ဆံပင်ရှည်ရှည်၊ ရင်စေ့၊ ထမိန်ဝတ်တဲ့ ငါ့သမီးသီတာမှဟုတ်ရဲ့ လားဟု အမေဇဝေဇဝါဖြစ်ခဲ့၏။ ယခုသီတာက ဆံပင်တိုတို၊ လက်ပြတ်အင်္ကျီနှင့် ဘောင်းဘီတိုဝတ်ဆင်ထား၏။ John ကသီတာကို နုတ်ခမ်းကိုနမ်းပြီးကြိုဆို၏။ အမေမျက်နှာရှက်လွန်းလို့ နီရဲလာ၏။ ရန်ကုန်အကြောင်း၊ အဖေအကြောင်း၊ အသိမိတ်ဆွေတွေအကြောင်း စကားပြောပြီး သီတာ John နှင့် သီဟချိုချိုတို့ ကိုယ့်အိမ် ကိုယ်ပြန်ကြ၏။

ဝဏ္ဏကအမေကိုအိပ်ခန်းပြ၏။ ကုတင်တစ်လုံးစာ အခန်းကျဉ်းကျဉ်း။ အမေရန်ကုန်ကနေယူလာသော လ္ဘက်၊ ငါးခြောက်၊ အချဉ်ထုပ်၊ ပုဇွန်ခြောက်တွေကိုအဖွင့် ဝဏ္ဏမြင်သော… အမေဒါတွေအိမ်မှာမဖွင့်နဲ့၊ အဲဒါတွေ ထဲမှာ ဗက်တီးရီးယားပိုးတွေပါတယ်။ ကျွန်တော့်သားသမီးတွေ နေမကောင်းဖြစ်လိမ့်မယ်။ သားကိုပေး သားအ မှိုက်ထဲသွန်လိုက်မယ်။ ရန်ကုန်မှာဈေးကြီးကြီးပေး အလေးကြီးသယ်ရတဲ့ စားသောက်စရာတွေ ယခုအမှိုက်ပုံထဲ ရောက်သွားပြီ။ ငါးပိနံ့မပျောက်သေးတဲ့ ငါ့ကလေးတွေကိုစစ်စစ်ဖြစ်နေပါလားဟု အမေရေရွတ်မိ၏။
နောက်တနေ့ ဝဏ္ဏက မီးဖိုချောင်နှင့်မိတ်ဆက်ပေး၏။ မီးဖိုသုံးနည်း၊ Vacuum သုံးနည်း၊ အဝတ်လျှော် စက်… ကလေးတွေရဲ့ကျောင်း လိုက်ပြ၏။ အမေက ဝဏ္ဏဘုရားစင်ဘယ်မှာလဲဟုမေးရာ ဝဏ္ဏက Maria တို့ ဘာသာတရားမယုံကြည်လို့ ကျွန်တော်တို့အိမ်မှာ ဘာမှမထားတော့ဘူး။ အမေ့အခန်းမှာ အမေဘုရားရှိခိုးလို့ရပါတယ်။

အမေအစောကြီးထပြီး မြေးသုံးရောက်ကိုရေမိုးချိုးပေး၊ အဝတ်အစားလဲ၊ နံနက်စာကျွေးပြီးတော့ ကျောင်းလိုက်ပို့၏။ အိမ်ပြန်ရောက်တော့ ဝဏ္ဏနှင့် Maria အတွက်နံနက်စာပြင်ပေး၏။ လင်မယားနှစ်ယောက် အလုပ်သွားပြီးနောက် အမေသန့်ရှင်းရေးလုပ်၏။ ရေမိုးချိုးပြီးညစာချက်၏။ နာရီကြည့်တော့ ကလေးတွေကို ကျောင်းကကြိုရမယ့်အချိန်ရောက်လာ၏။ အိမ်ပြန်ရောက်တော့ ကလေးတွေဗိုက်ဆာလာ၏။ ကလေးတွေစားလို့ပြီးတုန်း ဝဏ္ဏနှင့် Maria ရောက်လာ၏။ သူတို့အတွက်ထမင်းပြင်၊ ပန်ကန်ဆေး အားလုံးပြီးတော့ အမေအ လှည့်ရောက်လာ၏။ စားချင်စိတ်မရှိတော့။ အမေတော်တော်မောပန်းနေပြီ။ ဒီအသက်မှာဒီလောက်လုပ်ရမယ်လို့ တခါမှစိတ်မကူးခဲ့။
ရက်တွေလတွေကူးလာ၏။ အမေသည်ဘုရားတရားကိုမမေ့၊ ဒါပေမယ့် ဒီသံသရာထဲက မလွတ်နိုင်တော့ပါ။ အမေနှင့်စကားပြောမဲ့လူမရှိ။ ကိုယ့်အခန်းထဲကိုယ်နေကြ၏။

တနေ့မောင်နှမတွေ အစောကြီးဝဏ္ဏအိမ်ရောက်လာသည်။ ခဏအကြာ သူတို့အားလုံးအမေ့အခန်းထဲ လာပြီး အမေကို (Happy Mothers Day) နှင့်အတူ ပန်းစည်းတစ်ခုပေး၏။ ခဏအမေ့နားထိုင်ပြီး၊ မောင်နှမတွေအိမ်ရှေ့ထွက်ပြီး ဟေးလားဝါးလားလုပ်နေကြ၏။
ခြောက်ကပ်နေသောပန်းကိုကြည့်ပြီး အမေမျက်ရည်စီးကျ၏။ အမေအတွက်သားသမီးတွေဟာ ရင်ထဲ မှာစက္ကန့်တိုင်းရှိပေမဲ့ သားသမီးတွေအတွက် အမေဟာ တစ်နှစ်မှာတစ်ခါပါလားဟု ရေရွတ်မိ၏။ အမေသည် သားသမီးတွေထံမှ တပြားတချပ်မလို၊ သူတို့၏မေတ္တာကိုသာငတ်သည်။

အိမ်အလုပ်နဲ့ စိတ်ရဲ့ ပင်ပန်းမှုဒဏ်ခံနေရလို့ ကျန်းမာရေးယိုယွင်းလာတဲ့အမေ ရဲရဲကြီးဆုံးဖြတ်လိုက်သည်။
အမေရန်ကုန်ကိုပြန်ဖို့ဆုံးဖြတ်လိုက်ပြီ။ သီဟနှင့်သီတာက မတုန်မလှုပ်၊ ဝဏ္ဏနှင့် Maria အဖို့တော့ ခေါင်းတွေချာချာလည်သွားပြီ။
ရယ်မောနေသော အသံတွေရပ်စဲကုန်၏။ အမေစိတ်ပေါ့ပါးသွားသည်။ နောက်နေ့အမေရန်ကုန်ပြန်တော့မည်။

အမေများနေ့ကို ဂုဏ်ပြုသောအားဖြင့်

ခင်မင်ရသောသူငယ်ချင်း တင်ဝင်းနိုင်(USA) မှ မြတ်သရဖူမဂ္ဂဇင်းတွင်ရေးသားခဲ့သည်။

Posted by: hninnphyu | September 23, 2009

The Rain Palace

I have built for you a rain palace

Of alabaster columns and rock crystal

So that a thousand mirrors shall tell me

How ever more beautifully for me

you change.

Yvan Goll,
Trs From The German
By Michael Hamburger

Posted by: hninnphyu | September 23, 2009

The Saddest Lines

Tonight I can write the saddest lines.

Write, for example, ‘The night is shattered

and the blue stars shiver in the distance’.

The night wind revolves in the sky and sings.

Tonight, I can write the saddest lines.

I love her, and sometimes she loved me too.

Thought nights like this one,

I held her in my arms.

I kissed her again and again

under the endless sky.

She loved me, sometimes I loved her too.

How could one not have loved

her great still eyes.

Tonight I can write the saddest lines.

To think that I do not have her.

To feel that I have lost her.

To hear the immense night,

still more immense without her.

And the verse falls to the soul like

dew to the pasture.

What does it matter that my love

could not keep her.

The night is shattered and she is not with me.

This is all. In the distance someone is singing.

In the distance.

My soul is not satisfied that it has lost her.

Pablo Neruda (1904 – 73), trs from the Spanish by W. S. Merwin

Posted by: hninnphyu | September 23, 2009

To …….

Music, when soft voices die,

Vibrates in the memory -

Odours, when sweet violets sicken,

Live within the sense they quicken.

Rose leaves, when the rose is dead,

Are heaped for the beloved’s bed-

And so they thoughts, when thoughts are gone,

Love itself shall slumber on …

Percy Bysshe Shelley (1792-1822)rose

Posted by: hninnphyu | September 21, 2009

Secret Flowers

Is love a light for me? A steady light,

lamp within whose pallid pool I dream

Over old love-books? Or is it a gleam,

A lantern coming towards me from afar

Down a dark mountain? Is my love a star?

Ah me! – so high above so coldly bright!

The fire dances. Is my love a fire

Leaping down the twilight muddy and bold?

Nay, I’d be frightened of him. I’m too cold

For quick and eager loving. There’s a gold

Sheen on these flower petals as they fold

More truly mine, more like to my desire.

The flower petals fold. They are by the sun

Forgotten. In a shadowy wood they grow

Where the dark trees keep up a to-and-fro

Shadowy waving. Who will watch them shine

When I have dreamed my dream? Ah, darling mine,

Find them, gather them for me one by one.

Katherine Mansfield (1888-1923)

Posted by: hninnphyu | September 21, 2009

Love Song

I lie here thinking of you: -

the stain of love

is upon the world!

Yellow, yellow, yellow

it eats into the leaves,

smears with saffron

the horned branches that lean

heavily

against a smooth purple sky!

There is no light

only a honey-thick stain

that drips from leaf to leaf

and limb to limb

spoiling the colors

of the whole world-

you far off there under

the wine-red selvage of the west!

William Carlos Williams

Posted by: hninnphyu | September 21, 2009

Hello world!

Welcome to WordPress.com. This is your first post. Edit or delete it and start blogging!

Categories

Follow

Get every new post delivered to your Inbox.